MNP - ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေဆပ်ရန်ကျန်ရှိ တောင်သူများတွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ (၁)အုပ်စုလျှင်ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန် တောင်သူ(၅)ဦး၊ တောင်သူ(၆၆) ဦးတက်ရောက်ကြရာ တောင်သူများအား ခေါ်ယူတွေ့ဆုံ၍ ချေးငွေပေးဆပ်ရန်ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရခြင်း အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအရစ် ထက်ဝက်ခွဲဆပ်ရန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျန်တစ်ဝက်အပြေ အကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၁၇)အုပ်စုမှ တောင်သူများ ဝန်ခံကတိပြု လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment