ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အထက (ခွဲ)တွင် ပညာရေးစုံညီပွဲတော်ကျင်းပခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ် အမှတ် (၁၃) အထက (ခွဲ)တွင် ပညာရေးစုံညီပွဲတော်ကျင်းပခြင်း



MNP   -   ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂)ရပ်ကွက်၊ ၆၆လမ်း၊  ၁၀၇x၁၀၈ လမ်းကြား အထက(ခွဲ)၁၃ ကျောင်းခန်းမတွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ယမန်နေ့နံနက်၀၉၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာကြောင်း သိရှိရသည်။


အခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက နှုတ်ခွန်းဆက် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အထကခွဲ (၁၃) ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးက စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပညာရည်ထူးချွန်ဆုရရှိသော ကျောင်းသား/ သူများ၊ စာစီစာကုံး ပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ဘက်စုံထူးချွန်ဆုရရှိကြသူများ၊ ထူးချွန်ဆုရရှိအောင်သင်ကြားပေးသော ဆရာ/ ဆရာမများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


အခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်၊မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းနု၊ အထကခွဲ (၁၃) ကျောင်းအုပ်ကြီး ဦးနိုင်ဦးနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ခင်စိမ်း၀င်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)