MNP - ဇန်နဝါရီ ၁၄
သံတွဲမြို့ မူလွန်ဒွါရာဝတီကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁နာရီက အဆိုပါကျောင်းသျှင်မြဝါခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာကျောင်းသား၊ ကျောင်းသူလေးများက “ရခိုင်တို့မြေလာခဲ့လေတေးသီချင်း”နှင့် “မဟာနွယ်” တေးသီချင်းတို့အားသီဆိုကပြ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းအောင် နှင့် အမှတ်(၈)ရက်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ရွှေတို့ က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့် က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကာယ၊ ဉာဏ ဘက်စုံထူးချွန်ဆုနှင့် ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးကြပြီး ကျောင်းအုပ်ဆရာမကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment