မြောက်ဥက္ကလာပမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်



MNP -   ဇန်နဝါရီ   ၂၀

ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာမှရရှိသည့် အသိပညာများအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက (ဆ)ရပ်ကွက်ရှိ ကြယ်စင်စုကိုယ်ပိုင်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ကြယ်စင်စုကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက ကျောင်းသား၊ ကျောင်းသူများအား ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အချိန်ပေး၍ဖတ်ရှုစေလိုကြောင်း၊ သုတစာပေနှင့်ရသစာပေများကို မြို့နယ်ပြန်/ဆက် ပြည်သူစာကြည့်တိုက်တွင် အခမဲ့အသင်းဝင်၍ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးအနေဖြင့် Social Mediaများ၏ ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။


ဆက်လက်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဗီနိုင်းများ၊ မူးယစ်အသိပညာပေးဗီနိုင်းများနှင့် သုတ၊ ရသစာအုပ်စာစောင်များပြသမှုကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိဒေါ်မြမြဝင်း၊  ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့်ဝန်ထမ်းများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်၊၊


မြမြဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)