ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ






MNP  -   ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆို ဖျော် ဖြေ ပေးခဲ့ကြပြီး မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက ကျေးဇူး တင် ဝမ်းမြောက်စကားပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက ရိုးရာယိမ်း အကအလှများ ၊ တေး သီချင်း အမျိုးမျိုးဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အတွင်း ကဏ္ဍ အသီးသီး တွင် ပညာရည်ချွန်ဆုရရှိသူများ နှင့် အား ကစား ထူးချွန်ဆု ရရှိ သော ကျောင်းသား/သူများအား မြို့နယ် ပညာ ရေးမှူး ၊ ကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးကြပြီး  ကျောင်း သား၊ ကျောင်းသူလေးများက   “တို့ကျောင်းသား” သီချင်းဖြင့် သီဆို ဖျော်ဖြေ ပေး ခဲ့ ကြကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)