ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်း ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်း ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချ



MNP  -  ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ပွင့်ဖြူ)တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုနည်းရက်တိုသင်တန်းကို ယမန်နေ့က ပွင့်ဖြူမြို့၊ သမ္မာဆန္ဒ ကရုဏာရှင်များနှင့် နာမှုကူညီရေးအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ 


အဆိုပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းများမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦးခန့် တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင်  မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံ ရှေးဦးပြုစုနည်းနှင့် ပတ်သက်သည့် အခြေခံ အသက်အထောက်အကူပြုစုနည်း၊ အရေးပေါ်လူနာတင်ယာဉ်စနစ် အသုံးပြုနည်းနှင့် ရှေးဦးပြုစု သူများတွင် ထားရှိရမည့် စိတ်ဓာတ်နှင့် ကျန်းမာကြံ့ခိုင်ရေး စွမ်းရည်များ၊ ထိခိုက်ဒဏ်ရာ အမျိုးမျိုးနှင့် သွေးဆုတ်သွေးလန့်ခြင်း၊ သတိလစ်ခြင်းများ ကြုံတွေ့လာပါက စိတ်ချရသော ဘေးစောင်းနှင့် အသက်ရှူအားကူနှလုံးနှိုးဆွနည်း ကုထုံးစနစ်များ၊ လူနာဆန်းစစ်ခြင်းနှင့် ဦးစားပေး လူနာရွေးချယ်ခြင်း နည်းလမ်းများ၊ ဦးခေါင်းနှင့် ကျောရိုးတန်းမကြီး ဒဏ်ရာပြုစုနည်း၊ လူနာသယ်ဆောင်ခြင်း နည်းစနစ်များ၊ ရှေးဦးပြုစုခြင်း အဓိပ္ပါယ်နှင့် သိကောင်းစရာများ စသည့် အခြေခံရှေးဦးပြုစုနည်း သင်ခန်းစာများကို ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပြီး သင်ခန်းစာများအပေါ် ဆန်းစစ်အကဲဖြတ် ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)