MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိ စေရေးအတွက် ကြော်ငြာများ ကပ်ထားပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီ ဖြေရှင်း ဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ (၆၀၀)ကျော်ရှိရာ လစဉ် ပျမ်းမျှအားဖြင့် ပင်စင်စား ဦးရေ(၅၀၀)ကျော်သာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်ရှိသည့် (၁၀၀)ကျော်မှာ လစဉ် လာရောက်ထုတ်ယူခြင်းမျိုးမဟုတ်ဘဲ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်မှသာ လာရောက် ထုတ်ယူလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment