MNP - ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မြို့တော်ခန်းမရှေ့ရှိ အလံတိုင်၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကိုလွှင့်တင်၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ တော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း က ဖတ်ကြားခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသည့် ရွှေကူမြို့နယ်ဂုဏ်ဆောင် အဆို၊ အက၊ အရေး၊ အတီးဝါသနာရှင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်းနှင့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးစပ် ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲဖြစ်သည့် ဖူဆယ်ဘောလုံး ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ မီတာ ၁၀၀၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲများ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ ၊ ကလေးမုန့်စားပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ရွှေကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်း သူများ၊ ဒေသခံပြည်သူလူထု စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment