ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် ယဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် ယဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး




MNP ၊ ဇန်နဝါရီလ ၁၈

ယနေ့ နံနက်ပိုင်း က မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ယနေ့နံနက် ၆ ၃၀အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး သေဆုံးခဲ့ပြီး ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)