သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုနှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုများ ကွင်းဆင်း ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုနှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုများ ကွင်းဆင်း ကြည့်ရှု



MNP  -  ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး   မိတ္ထီလာခရိုင်  သာစည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း  ကျောင်းသား/သူများအား ကိုဗစ် - ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနေမှုနှင့် အိမ်ထောင်စု လူဦးရေစာရင်း တိကျမှန်ကန်စေရန် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများကို တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သာစည်မြို့နယ်တွင်   အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း  ကျောင်းသား/သူများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်း ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်သို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ   ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမည့်  အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း  ကျောင်းသား/သူ ၂၁၆၀၂ ဦးရှိကြောင်း သိရပြီး ယနေ့အထိ ၄၀၀၀ ကျော်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည်  အုတ်တွင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ၌  အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရန် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ သာစည်မြို့နယ်တွင် e-ID စာရင်းအရ  မြို့ပေါ် ၇ ရပ်ကွက်၊  ကျေးရွာအုပ်စု   ၈၀ တို့တွင်  အိမ်ထောင်စု ၅၅၉၂၅ နှင့် လူဦးရေပေါင်း ၂၃၇၂၈၉ ဦး ရှိကြောင်း သိရပြီး ယမန်နေ့ကအထိ  အိမ်ထောင်စု  ၁၃၉၉၅  နှင့် လူဦးရေ ၆၁၆၅၂ ဦး ကောက်ယူပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။    


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)