စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်




MNP  -  ဇန်နဝါရီ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး  Center တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  အသက်(၁၈)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံသူ(၁၅)ဦး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၂၅) ဦး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံသူ(၆၇),ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသူ (၁၀၇)ဦးတို့ကို  ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာ တစ်စုံတစ်ရာမရှိစေရေးအတွက် အလုံခရိုင် အုပ်ချုပ်ရေးမှူး စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ  အားပေးဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိသည်။


နီလာစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)