ကျောင်းကုန်းမြို့၌ သိန်း (၈) ထောင်ကျော်တန် တိုးချဲ့နှစ်ထပ်လူနာဆောင် ရေစက်ချ လှုဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ သိန်း (၈) ထောင်ကျော်တန် တိုးချဲ့နှစ်ထပ်လူနာဆောင် ရေစက်ချ လှုဒါန်း




MNP -  ဇန်နဝါရီလ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း အသစ်ဆောက်လုပ်လှူဒါန်းသော တိုးချဲ့နှစ်ထပ်လူနာ‌ဆောင် ဘုရားအနေကဇာတင်နှင့် ရေစက်ချ အလှူမင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါ တိုးချဲ့လူနာဆောင် ဖြစ်သည့် "ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်"‌ ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နန္ဒာစရိယနှင့် သံဃာတော်အရှင်သူမြတ်များက ဘုရားအနေကဇာ တင်ခဲ့ကြသည်။ အလှူရှင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နေ ဦးကြည်လွင် +ဒေါ်သီသီဆန်း(Tun Myat Thu International Co.,Ltd) မိသားစုတို့မှ လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှု အစုစုအတွက် ရေစက်ချ အနုမောဒနာတရား နာကြားခဲ့ကြသည်။


ယနေ့ ရေစက်ချလှူဒါန်းသော တိုးချဲ့နှစ်ထပ် လူနာဆောင်သည် အလျှား(၁၃၀)ပေ၊ အနံ(၃၈)ပေ၊ အမြင့် (၂၄) ပေဖြစ်ပြီး၊ သီးသန့်လူနာခန်းပေါင်း(၃၂)ခန်း၊ ရေချိုးခန်းနှင့် အိမ်သာအပေါ်ထပ်(၆)ခန်း၊ အောက်ထပ် (၆) ခန်း ပါရှိကာ Min Dhama ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သည်။ ၎င်းMin Dhama ကုမ္ပဏီမှ ငွေကျပ်သိန်းတစ်ထောင် ပါဝင်လှူဒါန်းခဲ့ပြီး၊  မတည်အလှူရှင်ဖြစ်သူ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူး ဦးကြည်လွင်+ဒေါ်သီသီဆန်း (Tun Myat Thu International Co.,Ltd)မိသားစုမှ သိန်း (၅)ထောင်ခန့် အပါအဝင် လူနာဆောင်အခန်းတွင်း လိုအပ်သောကုတင်၊ အသုံးအဆောင်များ တစ်ခန်းလျှင် ငွေကျပ်(၁၂)သိန်းဖြင့် အလှူရှင်(၃၂)ဦးမှ ဝိုင်းဝန်းလှူဒါန်းမှုကြောင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၈)ထောင်ကျော် ရေစက်ချလှူဒါန်းခဲ့ကြောင်း သိရသည်။


ကွယ်လွန်သူဖခင်ကြီး ဦးတွမ်ကြီး၏ ဆေးရုံလှူဒါန်းချင်သည့်ဆန္ဒကြောင့် ယခုလို လူနာဆောင် ဆောက်လုပ်လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် မိတ်ဆွေများမှ ဝိုင်းဝန်း ပါဝင်လှူဒါန်းခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မိမိရဲ့မွေးရပ်မြေကို ကျေးဇူးဆပ်ခြင်းဖြစ်ကြောင်း ဦးကြည်လွင်က ပြောသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)