မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်ချီးမြှင့်







MNP  -   ဇန်နဝါရီ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီးဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီးဌာနဝန်ကြီးဦးယဉ်ထွေးတို့သည် ယနေ့နံနက် ၈ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ကျောင်းသား၊ ကျောင်းသူများက မင်္ဂလာပါ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၏ မှတ်တမ်းဗီဒီယိုပြသခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးမျိုးအောင်က ၂၀၂၂-၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်တည်ဆောက်မှသာ တိုးတက်လာသောနည်းပညာ၊ ပြောင်းလဲလာသောခေတ်နှင့်အညီ လေ့လာသင်ယူကြရေး၊ ကျောင်းစာအပြင် စာကြည့်တိုက်မှပြင်ပစာပေဗဟုသုတများ ဖတ်ရှုလေ့လာကြရေး၊ ဆရာဆရာမများအနေဖြင့် တတ်သည့်ပညာများကို စနစ်တကျသင်ကြားပေးရေး၊ ကျောင်းသား၊ ကျောင်းသူများကလည်း စနစ်တကျသင်ယူကြရေး အမှာစကားပြောကြာခဲ့သည်။


ဆက်လက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာ၊ ခင်ခင်ထား၊ သင်္ကြန်မိုး၊ မီးအိမ်ရှင်မလေး၊ ဦးရွှေရိုးနှင့်ဒေါ်မိုးစသည့် တေးသီးချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး စီးပွားရေးရာဝန်ကြီးဌာနဝန်ကြီးဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီးဦးမျိုးအောင်၊ လူမှုရေးရာ ဝန်ကြီးဌာနဝန်ကြီးဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် သက်ဆိုင်ရာဘာသာရပ်များ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်သူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရစက်မှုလက်မှုသိပံ္ပ (ကျောက်ဆည်)အတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး(အခြား) ခွင့်ပြုရန်ပုံငွေကျပ်(၂၅.၅)သန်းဖြင့် ဆောက်လုပ်ထားသည့်ရေသန့်စက် အဆောက်အဦးအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျောက်ဆည်မြို့ရဲစုရပ်ကွက်နှင့် ကြက်မင်းတွန်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူတိုက်ဆိုင်စစ်ဆေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)