အနယ်အနယ်အရပ်ရပ်ရှိ ခရီးသွားပြည်သူများဖြင် စည်ကားလျက်ရှိသည့် ကျိုင်းတောင်းမြို့၏ ခွန်ဆမ်လော မွေးနေ့ပွဲတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနယ်အနယ်အရပ်ရပ်ရှိ ခရီးသွားပြည်သူများဖြင် စည်ကားလျက်ရှိသည့် ကျိုင်းတောင်းမြို့၏ ခွန်ဆမ်လော မွေးနေ့ပွဲတော်



MNP  -   ဇန်နဝါရီ  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၊ အမှတ်(၆)ရပ်ကွက်(ပါဆာ)တွင် ကျိုင်းတောင်းမြို့အတွင်းရှိ ဆရာတော်ဘုရားကြီး များ၏ ဦးဆောင်မှုဖြင့် အလှူရှင်များက (၁၅)ကြိမ်မြောက် ခွန်ဆမ်လောမွေးနေ့ပွဲကို စုပေါင်း၍ ကျင်းပပြုလုပ်ရာ ဒေသတွင်းရှိ မိဘပြည်သူများအပြင် အနယ်အနယ်အရပ်ရပ်ရှိ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ခွန်ဆမ်လောမွေးနေ့ပွဲတော်ကို ဇန်နဝါရီ (၁၈) ရက်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ဇန်နဝါရီ (၂၃) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၂၀) ရက်နေ့  ညပိုင်းအချိန်တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ​ကျိုင်းတောင်းမြို့ အတွင်းရှိ စျေးသည်များအပြင် အနယ်နယ်အရပ်ရပ်မှ စျေးသည်များက ၎င်းတို့၏ ဒေသထွက် ပစ္စည်းများကို လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။


ခွန်ဆမ်လောမွေးနေ့ပွဲသို့ လာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ယခင် ခွန်ဆမ်လော နေအိမ်ဖြစ်သော ယခုတွင် ပါဆာဘုန်းတော်ကြီးကျောင်းသို့ လာရောက်၍ ဘုရားဖူးခြင်း၊ ခွန်ဆမ်လော၏ သမိုင်းကြောင်းဖြစ်စဉ်များကို လေ့လာ​ကြည့်ရှုခြင်း၊ ဒေသခံ ပြည်သူများ၏ အကပဒေသာများ၊ စတိတ်ရှိုး​ဖျော်ဖြေမှုများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းဇာတ်မှ လာရောက်ဖျော်ဖြေမှုများကို ပျော်ရွှင်စွာအားပေး လေ့လာကြည့်ရှုခဲ့ကြကြောင်း၊ ဒေသခံပြည်သူ အလှူရှင်များက ခွန်ဆမ်လောမွေးနေ့ပွဲသို့ လာရောက်ကြသည့် ပြည်သူများအား ထမင်းဗူးနှင့် တစ်ခါသုံးသောက်ရေသန့်ဗူးများ ဝေငှပေးကြကြောင်း သိရသည်။


သီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)