နတ်မောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ




MNP  -   ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီ  ပွဲတော်ကျင်းပခြင်းကို ယမန်နေ့နံနက်(၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် အ.ထ.က(အောင်ဆန်း)ကျောင်းမှ ကျောင်းသား/သူလေးများက “စုံညီပွဲတော်တို့နွဲ့ပျော်” သီချင်းဖြင့်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊ မြို့နယ်ပညာရေးမှူးဦးသန်းထိုက်တို့က ကျောင်းများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် တိုင်းအဆင့် တတိယ၊ မြို့နယ်အဆင့် ပထမရရှိသော အ.ထ.က (စိုင်ကောင်း)ကျောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းအုပ်ဆရာမ ကြီးအား ဆုများချီးမြှင့်ပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တိုင်းအဆင့် ကာယ၊ ဉာဏထူးချွန်ဆုနှင့် ပညာရည်ချွန်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား/သူများအား  ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ရရှိကြသည့် ကျောင်းသား/သူများ၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ခရိုင်အဆင့် ဉာဏထူးချွန်ဆု၊ ကာယထူးချွန်ဆုနှင့် မြို့နယ်အဆင့် ကာယထူးချွန်ဆု၊ဉာဏထူးချွန်ဆု ရရှိကြသည့်  ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိ ဆရာ/မများတို့က ဆုများအသီးသီးချီးမြှင့် ပေးခဲ့သည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရေးအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၏ မိဘများနှင့်ဆုရရှိသည့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)