နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၀)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၀၂) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၀)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၀၂) သင်တန်းဆင်းပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၆

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၀)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ဆွေးနွေးပို့ချပေးခဲ့


ဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းကသင်တန်း၌ ပြင်ပကျွမ်းကျင်ပညာရှင်များက ဆရာ၊ ဆရာမများ သိသင့်သိထိုက်သည့် သက်ဆိုင်ရာပညာရပ်များကို ၎င်းတို့၏ အတွေ့အကြုံနှင့်ယှဉ်၍ ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက စိတ်ဝင်တစားလေ့လာသင်ယူခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။


ဆုများချီးမြှင့်


ထို့နောက် သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်သည်။


အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၀)သို့ သင်တန်းသား ၅၀၊ သင်တန်းသူ ၄၄၄ ဦး စုစုပေါင်း ၄၉၄ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။


အလားတူ နံနက် ၇ နာရီက စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၀၂) သင်တန်းဆင်းပွဲအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းသားစံပြဆုနှင့် သင်တန်းသူ စံပြဆု၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းအမှာစကားပြောကြားသည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၉၂ ဦး၊ သင်တန်းသူ ၂၈၀ စုစုပေါင်း ၄၇၂ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၂၀၂၂ခုနှစ် အောက်တိုဘာ ၃၁ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)