မိုင်းဆတ်မြို့၊ အ.ထ.က(ခွဲ)(လ-၂)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၊ အ.ထ.က(ခွဲ)(လ-၂)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ




MNP  -   ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အ.ထ.က(ခွဲ)(လ-၂)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲကကျင်းပပြုလုပ်ရာ Grade-10 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။


ရှေးဦးစွာ အမှတ် (၁၀) ဆက်သွယ်ရေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်လှိုင်နှင့် မြို့နယ် ပညာရေးမှူး ဦးစိုင်းတင့်ဆန်းတို့က အမှာစကားပြောကြားသည်။


ဆက်လက်၍ အ.ထ.က(ခွဲ)(လ-၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ အမှတ်(၁၀)ဆက်သွယ်ရေး တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန် နှင့် တာဝန်ရှိသူတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် သင်ကြားရေးဆုရရှိသော ဆရာ၊ ဆရာမများ နှင့် ဆုရရှိသည့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အခမ်းအနားတက်ရောက်လာကြသည့် အမှတ်(၁၀) ဆက်သွယ်ရေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ မှတက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)