လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများယိုစိမ့်ထွက်ပေါ်မှုကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူများအား လူ/ကယ်/ပြန် ဝန်ကြီးဌာနက ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများယိုစိမ့်ထွက်ပေါ်မှုကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူများအား လူ/ကယ်/ပြန် ဝန်ကြီးဌာနက ထောက်ပံ့



MNP ၊ ဇန်နဝါရီ ၁၄ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် (၁၂-၁-၂၀၂၃) ရက်နေ့ (၂၀:၅၀)နာရီမှ(၂၃:၀၅)အချိန်ထိ အမှတ်(၁၉)ရှိ ရတနာစုကုမ္ပဏီအတွင်း ရေသန့်ရေခဲတုံး ပြုလုပ်ရန်အတွက် အသုံးပြုသော အမိုးနီးယားဓါတ်ငွေ့အိုး၏ အဖွင့်/အပိတ်ဘားမှတစ်ဆင့် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများ ယိုစိမ့်ထွက်ပေါ်မှု‌ကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လူ/ကယ်/ပြန် ဝန်ကြီးဌာနက ကျန်းမာရေးထိခိုက်ခံစားရသူ ကျား(၅)ဦးနှင့် မ(၇)ဦး၊ စုစုပေါင်း(၁၂)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ မ(၁)ဦး အားမြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ကျား(၇)ဦး၊ မ(၉)ဦးစုစုပေါင်း (၁၆)ဦးအား အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင်လည်ကောင်း၊ စုစုပေါင်းဆေးရုံတက်ရောက်သူ (၂၉)ဦး အတွက် ထောက်ပံ့ငွေ(၁)ဦးလျှင် (၅၀,၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းထောင်ပံ့ငွေ(၁,၄၅၀,၀၀ဝိ/-)အား (၁၃-၁-၂၀၂၃)ရက်နေ့ (၁၅:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)