(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနား ကျင်းပ












MNP  -   ဇန်နဝါရီ    ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။


ဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများက ကြိုဆိုနှုတ်ဆက်ကြသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညစာစားပွဲအခမ်းအနား ကျင်းပရာနေရာသို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်          ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်        ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ သတ်မှတ်နေရာ   အသီးသီး၌ နေရာယူကြသည်။


ဆက်လက်၍ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ယာဉ်များ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ကျင်းပရာ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုဆုရရှိခဲ့ကြသည့် ပြည်ထောင်စုဂုဏ်ပြုယာဉ် ၂ စီးနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုယာဉ် ၅ စီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်များမှ အထူးဆုရရှိသည့် ဂုဏ်ပြုယာဉ်များကို ဂုဏ်ပြုဆုနှင့်   ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုင်းဒေသကြီးနှင့် ပြည်နယ် ဂုဏ်ပြုယာဉ်        တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ်    တတိယဆု  ရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့အတွက် ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို       တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်သည်။


ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က တိုင်းဒေသကြီးနှင့် ပြည်နယ်ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။ 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ရှုခံရင်ပြင်သို့ လေထီးအလွတ် ခုန်ဆင်းသက်ပြီး နိုင်ငံတော်အကြီးအကဲအား ဂါရဝပြုခဲ့ကြသည့် လေထီးအရာရှိ၊ စစ်သည်၊            စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ပြီး       တိုင်းဒေသကြီးနှင့် ပြည်နယ် ဂုဏ်ပြုယာဉ် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကို လည်းကောင်း၊        ပြည်ထောင်စုဝန်ကြီးဌာန ဂုဏ်ပြုယာဉ် ပထမဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကို လည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်    ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာတန်း၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းတံဆိပ်၊ တို့ဗမာအစည်းအရုံးတံဆိပ်၊ BIA တံဆိပ်၊ BDA တံဆိပ်၊  လွတ်လပ်ရေးနေ့ အလံ တင်အခမ်းအနား သရုပ်ဖော်ပုံ၊ လွတ်လပ်ရေးကျောက်တိုင်ပုံ၊ တပ်မတော်မှ ယာဉ်ယန္တရားများ၊ ရေငုပ်သင်္ဘောနှင့် လေယာဉ်ပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ပုံ၊ မြန်မာနိုင်ငံမြေပုံတို့ကို Drone ယာဉ်ငယ်များဖြင့် သရုပ်ပြလွှတ်တင်မှုနှင့် မီးရှူးမီးပန်းများ   ပစ်ဖောက်ခြင်းကို ကြည့်ရှုအားပေးကြသည်။


ကြည့်ရှုအားပေး


ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ပဒေသာကပွဲကျင်းပမည့်နေရာသို့ ရောက်ရှိကြပြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ  တေးသံရှင်များနှင့် အနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များနှင့် အနုပညာရှင်များ၏ တေးသံသာ များဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။


ပဒေသာကပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင်များနှင့် အနုပညာရှင်များ၊       နိုင်ငံကျော်တေးသံရှင်များနှင့် အနုပညာရှင်များကို အမှတ်တရပန်းခြင်းများ ပေးအပ်ပြီး       ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


တက်ရောက်


အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ဒုတိယသမ္မတ (ငြိမ်း)    သရေစည်သူ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ (ငြိမ်း) သရေစည်သူ   ဦးဉာဏ်ထွန်းနှင့်  ဇနီး၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ တပ်မတော်မှအငြိမ်းစားဗိုလ်ချုပ်ကြီးနှင့်    ဒုတိယဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊       ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်   ကောင်စစ်ဝင်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊   အနုပညာရှင်များ၊ အစိုးရမဟုတ်သော အသင်း အဖွဲ့များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)