(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ထီရွေး-ထီရယ် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ထီရွေး-ထီရယ် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ



MNP  -  ဇန်နဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ထီရွေး-ထီရယ် ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦး၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်း၊  ကျေးရွာဖွံ့ဖြိုးရေးကော်မတီ  ဦးကျော်ဖေတို့က  ယမန်နေ့နံနက် ၁၁ နာရီတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။


အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးက အဖွင့်အမှာစကား ပြောကြား ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်ကျော်မင်းထွန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားခြင်း၊ ထီရေး-ထီရယ်ကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထီးရွေး-ထီရယ်ကျေးရွာကုန်ထုတ်လမ်း ၁ မိုင်၄ ဖာလုံကို ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်နယ်မွမ်းမံ ရန်ပုံငွေဖြင့် ၁/၀၅၅လမ်းပိုင်းကို ဌာနရန်ပုံငွေ (၂၅.၂၇၀)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ၂ ဖာလုံနှင့် ပေ ၂၀၀ ကို ထီရွေး-ထီရယ် ကျေးရွာသူ/သားများပါဝင် ထည့်ဝင်ငွေ ကျပ် ၈၀ သိန်းနှင့် လုပ်အားပေးရက်ပေါင်း (၃၁၅)ရက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။


 “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ် ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ယခင်ကဆို ကျေးရွာကုန်ထုတ်လမ်းမရှိတော့ ကျေးရွာစိုက်ပျိုးရေးထွက်ကုန်တွေကို လူ၊ နွားလှည်းနဲ့ သယ်ယူရပါတယ် ယခုကုန်ထုတ်လမ်းရှိပြီဆိုတော့ အဆိုပါ သယ်ယူရေးလုပ်အားခတွေမကုန်တော့ပါဘူး”ဟု ထီရွေးကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။ ထီရွေး-ထီရယ်ကျေးရွာပတ်ဝန်းကျင်တွင် အာလူး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ပြောင်း၊ နှမ်းလုံးနှင့် အခြားသီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။


ခွန်အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)