နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စမတောင်တော်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်တွင် ကျင်းပပြုလုပ်သော ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အောင်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စမတောင်တော်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်တွင် ကျင်းပပြုလုပ်သော ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အောင်ပွဲအခမ်းအနားတက်ရောက်



MNP  -   ဇန်နဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ တည်ထောင်ကျေးရွာအုပ်စု၊ စမတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်ထားသော ကမ္ဘာ့ကပ်ကျော်စေတီတော်၌ ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီတွင် ကျင်းပသည်။


အခမ်းအနားသို့ စမတောင်တော် ကမ္ဘာ့ကပ်ကျော်စေတီတော်မှ ဆရာတော် ဘဒ္ဒန္တဉာန္နေါဘာသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များတက်ရောက်သည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များက ကမ္ဘာ့ကပ်ကျော်စေတီကြီးအား ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားကျောင်းကန်အတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော် ဘဒ္ဒန္တဉာန္နေါဘာသထံမှ တက်ရောက်လာသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော် ဘဒ္ဒန္တဉာန္နေါဘာသထံမှ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ထို့ပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဦးဆောင်မှုဖြင့် မြို့နယ်များအတွင်းရှိ ဘုရား၊ စေတီများတွင် ထုံးသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားကျောင်းကန်များအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)