ကျောက်တန်းမြို့နယ် အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ် အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကျင်းပ


MNP  -  န်နဝါရီလ ၁၉

ကျောက်တန်းမြို့နယ်၊ အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရေလယ်ဘုရား ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးရွှေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ဈေးသူ ဈေးသားများ တက်ရောက်ခဲ့သည်၊၊


ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေမှ ကျောက်တန်းမြို့နယ်တွင် အမှိုက်များကို ရေပြင်သို့စွန့်ပစ်ခြင်းအား မပြုလုပ်ရန် အခုလိုအသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ရေပြင်သို့ စွန့်ပစ်ခြင်းကြောင့် ရေအရင်းအမြစ်၊ ရေသံယံဇာတများ ဆုံရှုံးမှုရရှိပါကြောင်း၊ ရေပြင်သို့စွန့်ပစ်ခြင်းမပြုပဲ စနစ်တကျ အမှိုက်များကို စွန့်ပစ်စေလိုပါကြောင်း အမှိုက်စွန့်ပစ်ရန်အတွက် အမှိုက်သိမ်းကားများကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရှင်းလင်ပြောကြားခဲ့ပါသည်၊၊


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ကျောက်တန်းမြို့နယ်အနေဖြင့် မြို့မဈေးကြီးသည် မှော်ဝန်းချောင်း နံဘေးတွင်တည်ရှိသည့်အတွက် အမှိုက်များစွန့်ပစ်ရာတွင် ရေပြင်သို့အလွယ်တကူ စွန်ပစ်ခြင်းမပြုပဲ အမှိုက်များစုစည်းပြီး စနစ်တကျ အမှိုက်သိမ်းကားထံသို့ စွန့်ပစ်စေခြင်ပါကြောင်း၊ အခုအခါ ဈေးများတွင် ပလတ်စတစ်အိတ်များဖြင့်  ထုတ်ပိုးသုံးစွဲမှုမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာသည့်အတွက် လျော့ချသုံးစွဲစေချင်ပါကြောင်း၊ ပလတ်စတစ်အိတ်များသည် ထုပ်ပိုးသုံးစွဲရန်လွယ်ကူသော်လည်း ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်စေပါကြောင်း၊ တော်ယုံနှင့်မပျက်စီးပါကြောင်း၊ ရေပြင်သို့စွန့်ပစ်ခြင်းကြောင့်လဲ ရေထဲရှိသတ္တဝါများကိုလည်း ထိခိုက်စေပါကြောင်း၊ အတတ်နိုင်ဆုံးရေပြင်သို့အမှိုက်များကို မစွန့်ပစ်စေခြင်ပါကြောင်း အမှိုက်သိမ်းကားများထံသို့ စနစ်တကျစွန့်ပစ်သင့်ကြောင်းစသည်တို့ကို ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှလည်း ပူပေါင်းပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်၊၊


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)