မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို)စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို)စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ




MNP  -  ဇန်နဝါရီ     ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉:၀၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။


အဆိုပါအခမ်းနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက ပြိုင်ပွဲများကျင်းပရခြင်းနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းဟောပြောခဲ့သည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ အလက(ခွဲ)ကျွန်းကလေးကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဒေါ်စန္ဒာလင်းနှင့်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ပြိုင်ပွဲဝင်ကျောင်းသားများအား ဗလာစာအုပ်များထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပြပွဲတွင်ပြသထားသည့် စာအုပ်စာစောင်များ နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြသည်။


ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)