MNP - ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ညောင်ဦးမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ အားကစားကွင်းကြီးနှင့် ရပ်ကွက်အသီးသီး၌ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများအား ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ အားကစားကစားပြိုင်ပွဲများဖြစ်သည့် ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင် တက်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ ပြေခုန်ပစ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ညောင်ဦးခရိုင် ပြည်သူ့အားကစားကွင်းတွင်ကျင်းပခဲ့ပြီး ညောင်ဦးမြို့နယ် အခြေခံပညာကျောင်း (၇) ကျောင်းနှင့် ရပ်ကွက်ကျေးရွာများတွင် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် ဗန်းရွက်လမ်းလျှောက် ပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ပူးဘောင်းဖောက်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲများအသီးသီးကျင်း ပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ပြီးနောက် အားကစားပြိုင်ပွဲများတွင်ဆုရရှိသူများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ
https://t.me/MyanmarNationalPost
No comments:
Post a Comment