MNP - ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဆိုသည့် စကားအတိုင်း ကျောင်းသား/ သူများ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ ဆင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်တားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကင်းမြို့နယ် အမှတ် (၁၃)ရပ်ကွက်၊ မဂ္ဂင်လမ်းအမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း အမှတ်(၁၁)အခြခံပညာ မူလတန်းကျောင်းတွင် ယနေ့ နံနက် ၉:၃၀ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ သွေးလွန်တုပ်ကွေးရောဂါသည် ကာကွယ်ဆေးထက် ခြင်နှိမ်နင်းရေးက အဓိကကျသဖြင့် ပတ်ဝန်းကျင်ရှိ ခြင်အောင်းနိုင်သောနေရာများ၊ ရေသိုလှောင်ထားသည့်အုတ်ကန်၊ ရေကန်နှင့်ရေစီးရေလာမကောင်းသည့် မြောင်းများကို ရှင်းလင်းခြင်း၊ ရေဝပ်နိုင်သောနေရာများကို ဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး၊ ပတ်ဝန်းကျင်မည်းညစ်နေပါက လေ ကောင်းလေသန့်မရရှိပဲ ညစ်ညမ်းသောလေကိုသာ ကလေးများ ရှူရှိုက်မိပါလျှင် အသက်အန္တရာယ်ထိ စိုးရိမ်ရသောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းများတွင် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း တို့ကို မြို့နယ်စစ်ကြောင်းကြီးများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်
https://t.me/MyanmarNationalPost
No comments:
Post a Comment