ကျိုက်ထိုမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ




MNP  -   ဒီဇင်ဘာ ၂

    မွန်ပြည်နယ် ကျိုက်ထို မြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂ ရက်နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။


      အခမ်းအနားတွင်ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်)ဗိုလ်မှူး ပြည်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး‌ဝေယံအောင် က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။


    သင်တန်းတွင် အခြေခံ မီးသတ်ပညာ၊အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး၊ရှေးဦးသူနာပြုစုခြင်းဘာသာရပ်များကို သင်တန်းမှူး အဖြစ် မြို့နယ်မီးသတ်ဦးးစီးဌာန ဒုတိယဦးစီးမှူးဦရဲညွန့်ထွေးကဆောင်ရွက်ပြီး နည်းပြဆရာ (၄)ဦးမှ ဇန်နဝါရီ (၂)ရက်နေ့မှ (၂၇)ရက် နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းသားများအားတူညီဝတ်စုံများပေးအပ်ကာထောက်ပံ့ငွေများကိုလည်းပေးအပ်သွားမည်ဖြစ်ကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


      အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများမှသင်တန်းသား (၅၀)ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)