MNP - ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း ရှစ်ပါး အန္တ ရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ဦးရွှေစည်းခုံ ဆံတော် မြတ်စေတီတော်ကြီးအတွင်း ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက် ရောက် ကြသည်။
ရှေးဦးစွာ ပင့်ဖိတ်ဆရာတော်သံဃာတော်များက အတွင်းအောင် ၊ အပြင်အောင် ၊ အောင်ခြင်း ရှစ်ပါး ပါဠိ တော် ရွတ်ဖတ်ပူဇော်ချီးမြှင့်ပြီး ဝတ်ရွတ်အသင်းမှ အပြင်အောင်ခြင်း ရှစ် ပါး လင်္ကာအား ရွတ်ဖတ် ပူဇော်ခဲ့ သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ နှင့် ဝတ်ရွတ်အသင်းက ဓဇဂ္ဂသုတ်ပရိတ် တရား တော် များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦး နေဦး နှင့် အဖွဲ့ဝင်များက နဝကမ္မ လှူဖွယ်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment