ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းဆောင်ရွက်သွားမည်


MNP  -  ဇန်နဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့် ဦးဆောင်၍ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အကျိုး ကာကွယ်စောင့်ရှောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန သံလွင်ခန်းမ၌ ကျင်းပသည်။


အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေမှုနှင့် အသစ်ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကာလတို/ ကာလရှည်စီမံချက်များဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပိုမိုညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေရေးကဏ္ဍပေါင်းစုံမှ ထိရောက်စွာဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ အလားတူ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ အချိန်မီသက်တမ်းတိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများပါဝင်သည့်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)