တာမွေမြို့နယ်၌ မြေပြင်ရှိလူဦးရေစာရင်းမှန်ကန်စေရေး တစ်အိမ်တစ်ဆင်း ကွင်းဆင်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ မြေပြင်ရှိလူဦးရေစာရင်းမှန်ကန်စေရေး တစ်အိမ်တစ်ဆင်း ကွင်းဆင်းကောက်ယူ



MNP -    ဇန်နဝါရီ  ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော (Working Group) အဖွဲ့များဖြင့် မြေပြင်ရှိ လူဦးရေစာရင်းများ တစ်အိမ်တစ်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်း အချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များတွင် လမ်းများအလိုက် စာရင်း ကောက်ယူရေးအဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း မြေပြင်ရှိ လူဦးရေစာရင်းများ တစ်အိမ်တစ်ဆင်း ကွင်းဆင်း ကောက်ယူနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က အဆိုပါ ကောက်ယူရရှိသည့် လူဦးရေစာရင်းများသည် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အဓိကကျသည့်အတွက် လူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်ကန်သည့် အချက်အလက်များ ရရှိစေရေးအတွက် စာရင်းကောက်ယူရေး အဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အထူးအလေးထားဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ တာမွေမြို့နယ်အတွင်း မြေပြင်ရှိ လူဦးရေစာရင်းများ တစ်အိမ်တစ်ဆင်း ကွင်းဆင်း ကောက်ယူမှုကို ၂၀၂၃-ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ သတ်မှတ်အချိန် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)