ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ




MNP  -  ဇန်နဝါရီ   ၂

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


    အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီ ဥက္ကဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၇၄)နှစ်မြောက် လွတ်လပ်လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သောသဝဏ်လွှာမှကောက်နုတ်ချက်၊  မြင်းမူမောင်နိုင်မိုးရေးသားသည့်  လွတ် လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာနှင့် ၁၉၄၇  ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်တို့ဖြင့်ဝေဝေဆာဆာဖေါ်ပြပါရှိသည်။


    ၎င်းသတင်းစကားလက်ကမ်းစာစောင်များကို ဖတ်ရှုပြီး ကျောင်းသား/ကျောင်းသူများဗဟုသုတများရရှိစေရန်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊  ရမ်းဗြဲမြို့နယ်ရုံးမှဝန်

ထမ်းများက  အခြေခံပညာကျောင်းများသို့   သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)