မာန်အောင်မြို့နယ်၌ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကြည့်ရှု




MNP  -  ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ် တွင်၂၀၂၃ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦးရေစာရင်းတိကျမှန်ကန်မှုရှိစေရန်အတွက် တိုက်ဆိုင်စစ်ဆေးခြင်းကို လူဦး‌ရေ စာရင်းကောက်ယူရေးအဖွဲ့(Working Group)မှယနေ့ နံနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။


    အဆိုပါ လူဦးရေစာရင်းအချက်အလက် များ မှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း‌ ကွင်းဆင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စေရန်ပြည်သူများမှ ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  ပြည်သူများသို့ အသိပေးထားပြီး မြို့နယ် မြေပြင် စာရင်းကောက်ယူရေးအဖွဲ့မှ မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အတွင်း စာရင်းကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကြပြီးလိုအပ်သည်များကိုပေါင်းစပ်ပေးခဲ့ကြသည်။


     အဆိုပါမြေပြင်လူဦးရေစာရင်းကောက်ယူခြင်းကို ကောက်ကွက်တစ်ဖွဲ့လျှင်(၅)ဦးနှန်းဖြင့်ဖွဲ့စည်းထားပြီးဇန်နဝါရီလ၉ရက်နေ့မှ၂၈ရက်ထိ ၂၀ ရက်ကြာကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)