အမ်းမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများ ဖြန့်ဝေဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများ ဖြန့်ဝေဂုဏ်ပြု




MNP    - ဇန်နဝါရီ ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေထားသည့် စတေကာများကို  မြို့တွင်းလမ်းဆုံ လမ်းမများတွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၌ ယနေ့ နေ့လယ်အချိန်က ကပ်ပေးခြင်းဖြင့် ဖြန့်ဝေပေးခဲ့သည်။


 အဆိုပါ (၇၅)နှစ် မြောက် စိန်ရတုလွတ် လပ်ရေးနေ့ အထိမ်း အမှတ် စတေကာများဖြန့်ဝေကပ်နှံခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် ၏ စီစဉ်ဆောင်ရွက်မှုဖြင့်

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များက

မင်းကျောင်းရှေ့လမ်းဆုံ၊ ပျဥ်းတောလမ်း ဆုံ၊ မော်ဆီဆိုင်အနီးအမ်း-စစ်တွေ-မအီ လမ်းဆုံများတွင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များတွင် စတေကာ(၆၀၀)

ခုအား ကပ်နှံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)