ကြည့်မြင်တိုင်မြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ




MNP  -  ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်​ချောင်းရပ်ကွက်၊ အမှတ်(၃)အ​ခြေခံပညာအလယ်တန်း​ကျောင်း၌ ယ​နေ့နံနက် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်​ရေးအသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ​ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇာလင်းက ကျောင်းသား​၊ ကျောင်းသူများ ငယ်ရွယ်စဉ်အချိန်၌ မူးယစ်ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊  မူးယစ်ထုံထိုင်း​​စေသည့်​ဆေးများ သုံးစွဲခြင်းကြောင့်ဖြစ်​ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအ​ကြောင်း၊ မူးယစ်အစ​ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်​သောက်သုံးခြင်းမပြုကြရန်စသည်ဖြင့် ဟောပြော​ဆွေး​နွေးခဲ့သည်။


ထို့​နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာ​ပေး နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။


ခိုင်ဇာလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)