ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာထွက် ထန်းလက်ကုလားထိုင်များ ရောင်းအားကျဆင်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာထွက် ထန်းလက်ကုလားထိုင်များ ရောင်းအားကျဆင်းနေ


MNP  -  ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာသည် ထန်းလက်ကုလားထိုင်အမြောက်အများ ပြုလုပ်ရောင်းချသည့်ကျေးရွာဖြစ်ကာ ယခုနှစ်တွင် ထန်းလက်ကုလားထိုင်များ လာရောက်ဝယ်ယူမှုနည်းသည့်နှစ်တ နှစ်ဖြစ်ကြောင်း ကုလားထိုင်ပြုလုပ်ရောင်းချသည့် ဦးတိုးဝင်းက ပြောကြားသည်။


ထန်းလက်ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းလက်ဖာများပြုလုပ်ရောင်းသည့် အင်တောကျယ်ကျေးရွာသည် ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းမကြီးဘေးတစ် ဖက်တစ်ချက်တွင်တည်ရှိကာ ကျောက်ပန်းတောင်းမြို့မှ ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ထန်းလက်များစုဆောင်းထားကာ ထန်းလက်ကုလားထိုင်မြောက်အများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး တစ်နိုင်တစ်ပိုင်ဝင်ငွေရရှိနေကြကြောင်း သိရသည်။ အင်တောကျယ်ကျေးရွာတွင် ထန်းလက်ကုလားထိုင်များအား ကားလမ်းဘေးဝဲ/ယာ တွင်ချထားပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသို့ ဘုရားဖူးလာရောက်ပြီးအပြန်တွင် ကားရပ်ဝယ်ယူမှုများကြကြောင်း၊ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် ရောင်းအားကောင်းကြပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်များရောင်းချရမှုအလွန် နည်းကြောင်း၊ ထန်းလက်ကုလားထိုင်ပြုလုပ်ရာတွင် ထန်းလက်များအား တစ်လက်ငါးဆယ်ကျပ်ဖြင့် ရသလောက်ဝယ်ယူစုဆောင်းထားကာ ထန်းလက်ကုလားထိုင်ပြုလုပ်ကြ ကြောင်း၊ ထန်းလက်ကုလားထိုင်ပြုလုပ်ရန် စောက်၊ တူ၊ သံမှိုသာလိုအပ်ပြီး ကုလားထိုင် ခြေထောက်၊ ကုလားထိုင်အခင်း၊ ကုလားထိုင်ကွပ်များကို ထန်းလက်ဖြင့်သာပြုလုပ်ရောင်းချပြီး ကုလားထိုင်တစ်လုံး ၄၅၀၀ ကျပ်၊ ခြေဆန့်အိပ်ကုလားထိုင်တစ်လုံး ၆၀၀၀ ကျပ်၊ ထန်းခေါက်ဖာကတော့ အကြီး/အသေးပေါ်မူတည်ပြီး ဈေးကွာခြားကြောင်းသိရပြီး ယခုနှစ်တွင် ထန်းလက်ကုလားထိုင်ရောင်းချရမှုလွန်းနည်းကာ အခါတိုင်းနှစ်များတွင် ထန်းလက်ကုလားထိုင် အမြောက်အများရောင်းချရကြောင်း၊ ထန်းလက်ကုလားထိုင်ရောင်းချရမှု အလွန်နည်းသည့်နှစ်တစ်နှစ်ဖြစ်ကြောင်းလည်း ဦးညိုအုန်းကရှင်းပြ၍ သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)