နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လောက်ကိုင်)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လောက်ကိုင်)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP   -   ဇန်နဝါရီ    ၃၀  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(လောက်ကိုင်)တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားလူငယ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် လူငယ်သင်တန်းကျောင်း၏ သင်တန်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးအခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တော်အုပ်ဦးဇော်မင်းအောင်က သဘာဝပတ်ဝန်းကျင်းထိခိုက်ပျက်စီးစေသော အကြောင်းအရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အရေးပါမှုများကို အကျယ်တဝင့်ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စည်ပင်အင်ဂျင်နီယာ ဦးစိုင်းဝဏ္ဏမှ လောက်ကိုင်မြို့၏ အမှိုက်သိမ်းစနစ်နှင့်အမှိုက်ကန်များအကြောင်း၊ အမှိုက်စွန့်ပစ်သည့်နည်းလမ်းများနှင့် အမှိုက်စနစ်တကျစွန့်ပစ်ခြင်း၏ အကျိုးတရားများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြကြောင်းနှင့် သင်တန်းသားများမှ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ လူငယ်သင်တန်းကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ စက်မှုသင်တန်းကျောင်းမှ ဝန်ထမ်းများ၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းသားများစုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)