ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း အမှတ်စဉ်-၄၁ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း အမှတ်စဉ်-၄၁ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


MNP  -  ဇန်နဝါရီ ၂

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီက ဒီပလိုမာစာရင်းကိုင်ကြီးမှူးဖွင့်လှစ်သည့် (Diploma in Accountancy - DA) (ဒုတိယပိုင်း)သင်တန်း အမှတ်စဉ်- ၄၁ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။


အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်


သင်တန်းဖွင့်ပွဲတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦးက နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ်ကိုအခြေပြု၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် စာရင်းပညာသည် အရေးပါသည့်ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ သို့ပါ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းအနေဖြင့် အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ တိုးပွားလာစေရန်၊ စာရင်းပညာနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာရင်းစံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရန် စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဒီပလိုမာ စာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းကို ရန်ကုန်သင်တန်းကျောင်းတွင် ၁၉၇၄ - ၁၉၇၅ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တွင် ၂၀၁၀ - ၂၀၁၁ ပညာ သင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အရေအတွက်သာမက အရည်အချင်းပြည့်ဝသည့် စာရင်းကျွမ်းကျင်သူများကို မွေးထုတ်ပေးလျက်ရှိရာ ယခုအချိန်ထိ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း အောင်မြင်သူ ၄၇၁၄ ဦး ရှိပြီဖြစ်ကြောင်း။


ဒီပလိုမာစာရင်းကိုင်သင်တန်းသည် စာရင်းကျွမ်းကျင်သူများကို မွေးထုတ်ပေးရုံသာမက စာရင်းပညာရှင်အဆင့်သို့တက်လှမ်းနိုင်မည့် ပထမခြေလှမ်းဖြစ်သည့် အခြေခံသင်တန်းတစ်ခုလည်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း) သင်တန်းသို့ တက်ရောက်ကြသူများသည် စာရင်းကျွမ်းကျင်သူများဖြစ်စေရန် ခရီးတစ်ဝက်သို့ ရောက်ရှိကြပြီဖြစ်ပြီး သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များသည်လည်း လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်ပြီး မိမိတို့၏ အသိဉာဏ်ပညာကို ပိုမိုရင့်ကျက်စေမည့် ဘာသာရပ်များဖြစ်ကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် “စိတ်ဆန္ဒပြင်းပြသူများအတွက် မပြီးမြောက်သောအရာသည်မရှိ” ဆိုသည့်အတိုင်း သင်တန်းမှပို့ချမှုများကို ဇွဲ၊ လုံ့လရှိစွာဖြင့် အလေးအနက်ထားလေ့လာသင်ယူ၍  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရာတွင် နိုင်ငံနှင့်ဌာနမှ အားထားရသည့် စာရင်းပညာရှင်များဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် ယနေ့မှစ၍ ၁၀ လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများတက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)