ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များဆောင်ရွက်



MNP  -  ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ သူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်တို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နေ့နံနက် ၉နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး မဟာနွယ်ကိုယ်ပိုင်ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ သူ(၁၅)ဦးတို့က ပါ၀င် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ကလေးများ ဗဟုသုတရရှိပြီး လိမ္မာယဉ်ကျေးစေရန်အတွက် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာနှင့်ဒေါ်ဌေးဌေးတို့က ပုံပြင်ဖတ်ပြခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက် ဆုရရှိသော ကျောင်းသား/ သူများအား ‌အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။


အေးမဥ္ဇူ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)