ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ


MNP  -   ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အား ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများတက်ရောက်ခဲ့သည်။


အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါတယ် စုံညီပွဲတော် သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခြင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ် ရခြင်းနှင့် ကျောင်းသား၊ ကျောင်းသူတိုင်း စာပေဘာသာရပ်တွင်သာမက အားကစားနှင့် စာရိတ္တပညာရပ်များတွင် ထူးချွန်ထက်မြက်စေရေး ကြိုစားအားထုတ်သင်ယူသွားကြရန် အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးလှစိုးက ပညာရေးစုံညီပွဲတော် အခမ်းအနားပြုလုပ်ပေးရခြင်း ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အဆင့် အောင်ချက်အကောင်းဆု ရရှိသည့် ကျောင်းများ၊ မြို့နယ်အဆင့် စာပေဘာသာရပ်များတွင် ထူချွန်သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းအဆင့်နှင့် ခရိုင်အဆင့် အားကစားတွင် ထူးချွန်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)