မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က  အဆိုပါတက္ကသိုလ် အားကစား ခန်းမတွင် ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါ ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင်  ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားသည်။  ထိုနောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ ရူပဗေဒ အသင်းက ရုက္ခဗေဒအသင်းကို အနိုင်ရရှိသွားသည်။ အဆိုပါ ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ၌ အုပ်စု(က) သတ္တဗေဒ၊မြန်မာစာနှင့် ဘူမိဗေဒ၊ အုပ်စု(ခ) ရုက္ခဗေဒ နှင့် ဓာတုဗဗေဒ၊ အုပ်စု(ဂ) ပထဝီဝင် ၊ သင်္ချာနှင့် ရူပဗေဒ၊ အုပ်စု(ဃ) သမိုင်းနှင့် ဝိဇ္ဇာညွန့်ပေါင်း အသင်းတို့ပါဝင်ပြီး အမျိုးသမီးပြိုင်ပွဲ၌  အုပ်စု(က) ရူပဗေဒ ၊ ဓာတုဗေဒ နှင့် ရုက္ခဗေဒ ၊ အုပ်စု(ခ) အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သတ္တဗေဒနှင့် အရှေ့တိုင်းပညာ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။   ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ချမ်းသာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)