MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၇၆ ဖွဲ့ဖွဲ့ကာ ယနေ့ နံနက် တွင်ဆက်လက်စာရင်း ကောက် ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်းစာရင်းကောက်ယူနေ မှုအားအထွေထေွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရွှေအေး၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော််မင်းထွန်းနှင့်တာ ဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် များအတွင်းလှည့် လည်ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ၇ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment