မြောက်ဦးမြို့ ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ






MNP  -  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ ၂၀မိနစ် တွင် ထမ္မာရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပ သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား လွှတ် တင်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ္စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့်ဌာ နဆိုင်ရာအကြီး အကဲ များက နိုင်ငံတော်အလ့အားအလေးပြုကြသည်။


ပြီးနောက် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ခရိုင်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖှဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် ကဖတ်ကြားသည်။ 


ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ နှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ရရှိသော မထက်ထက်သူ ၊ ဒုတိယဆုရရှိသော မောင်အောင်နိုင်လင်း ၊ တတိယဆုရရှိသော မမြတ်ပန်းငြိမ်း တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ ဆုချီးပြီး အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမဆု ရရှိသော မောင်အောင်မင်းခန့် အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူး လှိုင်မှ လည်းကောင်း အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ထွန်း နိုင်လင်း၊ ဒုတိယဆုရရှိသော မမြတ်ဝင်းချို  ၊ တတိယဆုရရှိသော မောင်ဉာဏ် လင်းထွဋ် တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ပေးကြသည်။ 


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေသော (၇၅) နှစ်မြောက်စိန်ရတု လွတ် လပ်ရေးအထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)