ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ







MNP  -   ဇန်နဝါရီ  ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၂)အခြေခံပညာ မူလတန်းလွန် ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆို ဖျော်ဖြေပေးခဲ့ကြပြီး မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂) အခြေခံပညာ မူလတန်းလွန် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်လွင်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက အကအလှများ ၊ တေးသီချင်း အမျိုးမျိုးဖြင့် ကပြ ဖျော် ဖြေပေးခဲ့ကြသည်။ 


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းအတွင်းပြုလုပ်သော ကဏ္ဍ အ သီးသီး တွင် ပညာရည်ချွန်ဆုရရှိသူများ နှင့် အား ကစား ထူးချွန်ဆု ရရှိ သော ကျောင်းသား/သူများအား မြို့ နယ် ပညာ ရေးမှူး ၊ ကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးကြပြီး  ကျောင်း သား၊ ကျောင်းသူလေးများက   “မြန်မာ့ ကျောင်းသား” သီချင်းဖြင့် သီဆို ဖျော်ဖြေ ပေး ခဲ့ ကြကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)