ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်



MNP -  ဇန်နဝါရီလ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရဟန်းရှင်၊ လူ၊ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် (၁၈)နှစ်အထက် ထပ်ဆောင်း Boster (၁၁၈)ဦး ဒုတိယအကြိမ်ထိုးနှံ့သူ(၂၉)ဦးနှင့် (၅)နှစ်မှ (၁၈)နှစ်အတွင်း ပထမအကြိမ်ထိုးနှံသူ (၄၃)ဦးတို့အား ဆရာဝန်ကြီးဒေါက်တာမြတ်သူဝင်းဦးဆောင်၍ သူနာပြုအဖွဲ့အများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံတွင် အပတ်စဉ်အင်္ဂါနှင့်သောကြာနေ့တိုင်းထိုးနှံပေးလျက်ရှိပြီး (၅၆)ဒေသန္တရဆေးခန်းတွင် အပတ်စဉ် အင်္ဂါနှင့်ကြာသပတေးနေ့တိုင်း အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။



 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)