အများ၏ ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကို ပစ်ပယ်၍ ပြုမူလုပ်ဆောင်ခဲ့မှုကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အများ၏ ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကို ပစ်ပယ်၍ ပြုမူလုပ်ဆောင်ခဲ့မှုကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား



MNP ၊ ဒီဇင်ဘာ ၆

ယနေ့ ကျင်းပသော ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း ဥက္ကဋ္ဌများ အစည်းအဝေးတွင် နိုင်ငံဝန်ကြီးချုပ်က အမှာစကားပြောကြားရာ အများ၏ ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကို ပစ်ပယ်၍ ပြုမူလုပ်ဆောင်ခဲ့မှုကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် က ထည့်သွင်းပြောကြာသွားသည်။


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "ဒီမိုကရေစီအုပ်ချုပ်ရေး၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ ဆန္ဒကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများ၏ဆန္ဒဆိုတိုင်း လူနည်းစု၏ဆန္ဒကိုပစ်ပယ်၍ ပြုမူလုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များက ဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကို မှန်ကန်စွာ သိရှိနားလည်ပြီး ဆောင်ရွက်ကြရန် လိုကြောင်း" ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။


အလားတူ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာအဆင့်အလိုက်၊ ဒေသအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအပါအဝင် စီမံခန့်ခွဲမှုများအားလုံးကို မျှတစွာဖြင့် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံး တပြေးညီ ခံစားခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများ ရေးဆွဲပြီးဆောင်ရွက်နိုင်ရန် မူအားဖြင့် သဘောတူပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကပင်မ ဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေတည်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)