MNP - ဇန်နဝါရီ ၁၅
ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာ နေပြည်တော်အား Green City၊ Clean City၊ Smart City ဆောင်ရွက်ရာတွင် သန့်ရှင်းသာယာ လှပရေးသည် အဓိကကြကြောင်း၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆေးပေးခန်းများကို စံနမူနာပြဆောင်ရွက်ပြီး ပြည်သူများကို ဦးဆောင်လမ်းပြဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဓိကလမ်းမကြီးများ၏ လမ်းဘေး ဝဲ/ယာများကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လမ်းဘေးဝဲ/ယာကတ်တုံးများ၊ တံတားများကို ဆေးသုတ်ပေးရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သလို ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၏ အသိစိတ်ဓာတ်ကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင် ချစ်စိတ်၊ တန်ဖိုးထားစိတ် မြင့်မားလာအောင် လက်တွဲခေါ် ဆောင်ရွက်ပေးကြရန်နှင့် နေပြည်တော်ကို ပညာရေးမြို့တော် အဖြစ် တည်ဆောက်သွားကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီထွေး၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးရဲမြတ်သိန်းတို့က ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Pointဖြင့် ဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ဥတ္တရခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment