ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်မှုလုပ်ငန်းများပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်မှုလုပ်ငန်းများပြီးစီး





MNP  -   ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် Box Culvert တံတားသုံးစင်း ဆောက်လုပ်မှုလုပ်ငန်းများ ယခုအခါပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ကုန်ထုတ်လမ်းနှင့်တံတားများကို ၂၀၂၂ ခုနှစ် ဇွန်လလယ်က စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ Globalize ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် အဆိုပါလမ်းပေါ်၌ Box Culvert တံတားများ တည်ဆောက်နေမှုများကို စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နတ်ပေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မထု ဂျင်းမြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ် Box Culvert သုံးစင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၉၂ ဒသမ ၇၅၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် Globalize ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇွန်လလယ်ကစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါပြီးစီးနေပြီဖြစ်သည်။


အဆိုပါ ကုန်ထုတ်လမ်းနှင့်တံတားများ ဆောင်ရွက်နိုင်မှုကြောင့် နတ်ပေးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ စိုက်ပျိုးမြေဧက ၇၀၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး ယင်းစိုက်ပျိုးမြေဧကများမှ ထွက်ရှိသည့် ထုတ်ကုန်၊ ထွက်ကုန်များအား စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းထံမှ သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)