အာနန္ဒာဘုရားကြီး၏ (၉၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် အစဉ်အလာမပျက် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာနန္ဒာဘုရားကြီး၏ (၉၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် အစဉ်အလာမပျက် ကျင်းပမည်



MNP  - ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီးတည်ထား ကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး၏ (၉၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ညောင်ဦးမြို့ နှင့်ပုဂံမြို့မှ ဆရာတော်/သံဃာတော် အရှင်သူမြတ်များအား ဆွမ်းသပိတ်လောင်းလှူခြင်းနှင့် မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းများဖြင့် အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း အာနန္ဒာဘုရား ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံက သိရသည်။


အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ရက်သည် ပြာသိုလပြည့်နေ့ဖြစ်ပြီး ပြာသိုလဆန်း ၁၁ ရက်နေ့မှ ပြာသိုလပြည့်ကျော်(၁)ရက်နေ့ထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်သွားမည်ဖြစ် ကြောင်း၊ သံဃာတော် အပါး(၃၀)ဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ပြာသိုလပြည့်နေ့၊ နံနက် ၇ နာရီအချိန်မှစတင်ပြီး ပင့်သံဃာတော်များအား ဆွမ်းသပိတ်လုံးလောင်းလှူသွားမည်ဖြစ်ကြောင်း မြန်မာပြည်အရပ်ရပ်မှ ဓမ္မမိတ်ဆွေများဆွမ်းသပိတ်လုံး လောင်းလှူပူဇော်လိုပါက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့နှင့်ဆက်သွယ်၍ဖြစ်စေ၊ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလိုသည်ဖြစ်စေ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။


ကိုကြေးမုံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)