တစ်ပင်လုံး အသုံးဝင်သောငှက်ပျောကို စိုက်ပျိုးခြင်းဖြင့် တောင်သူများ လူမှုစီးပွားတိုးတက်လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ပင်လုံး အသုံးဝင်သောငှက်ပျောကို စိုက်ပျိုးခြင်းဖြင့် တောင်သူများ လူမှုစီးပွားတိုးတက်လာနိုင်


MNP  -   ဇန်နဝါရီ ၉

ငှက်ပျော စိုက်ပျိုးခြင်းသည် စိုက်ပျိုးပြီး ကိုးလ၊ ဆယ်လကြာစောင့်ရသော်လည်း စိုက်ပျိုး၍ အပင်များဖြစ်ထွန်းလာပါက တောင်သူများ၏ လူမှုစီးပွားရေး တိုးတက်ပြောင်းလဲလာနိုင်သော သီးနှံပင်တစ်မျိုးဖြစ်သည်။


ငှက်ပျောပင် စိုက်ပျိုးရာတွင် ငှက်ပျောဆို့ (ခေါ်) ငှက်ပျောပင် ပေါက်ကလေးများကိုတူး၍ တစ်ပင်နှင့်တစ်ပင် လေးပေခြားကာ စိုက်ပျိုးရပြီး ကိုးလ၊ ဆယ်လ အကြာတွင် ငှက်ပျောဖူးများထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး သုံးလပြည့်လျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်တစ်ခိုင်ကို ရရှိကာ တစ်ဖီးကိုပျမ်းမျှ ရခိုင်ငှက်ပျော ၃၀၀/၄၀၀ ဖီကြမ်း ၈၀၀ ကျပ် ရရှိကြောင်းသိရသည်။


ငှက်ပျောပင်များသည် စိုက်ပျိုးပြီး တစ်နှစ်နည်းပါး အချိန်ကြာကြာ စောင့်ရသော်လည်း စိုက်ပျိုးပြီး၍ ရောင်းတန်းဝင် အပင်များဖြစ်လာပါက ငှက်ပျောခိုင်၊ အရွက်၊ ပင်စည်ထဲမှ ငှက်ပျောအူများပါ ရောင်းချရသည့်အပြင် ငှက်ပျောတစ်ဖီးလျှင် ရခိုင်ငှက်ပျော ၄၀၀ ကျပ်၊ ဖီးကြမ်း ငှက်ပျော ၈၀၀ ကျပ်၊ ငှက်ပျောလက်တစ်ရွက် ၅၀ ကျပ်၊ ငှက်ပျောအူပါ ပင်စည်တစ်ပင် ၅၀၀ ကျပ်နှင့် ငှက်ပျော အပင်ပေါက် တစ်ပင်လျှင် ၄၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။


"ကျွန်တော်က ဖီးကြမ်းငှက်ပျော စိုက်ပျိုးတာဖြစ်ပါတယ်။ ခြံက လေးဧကကျယ်ပြီး ငှက်ပျောပင်ပေါင်း ထောင်ချီရှိကာ စတင်စိုက်ပျိုးစဉ်က ငှက်ပျောဆို့ တစ်ဆို့လျှင် ၄၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး၊ ကျင်းတူးခ၊ မြေရှင်းခ၊ မြေအောက်ရေ တူးခ၊ ရေစက်ဖိုး အားလုံးပေါင်း ငွေကျပ်သိန်း ၃၀ အကုန်အကျခံ၍ စိုက်ပျိုးထားပေမဲ့ တစ်နှစ်သားရှိတဲ့ ငှက်ပျောတစ်ပင်ဟာ ငှက်ပျောခိုင်၊ ငှက်ပျောရွက်၊ ငှက်ပျောအူ အားလုံးရောင်းချနေရသည့်အတွက် ငှက်ပျော တစ်ပင်လုံးကို ကျပ် ၁၀၀၀၀ နီးပါးရရှိနေတာကြောင့် ကျွန်တော့်စီးပွားရေး တိုးတက်ပြောင်လဲကာ အဆင်ပြေနေခြင်းဖြစ်ပါတယ်" ဟု မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးသိန်းထွန်းက ပြောသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)