(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပ


MNP  -   ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ ဘက်စုံထူးချွန်တိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရေး၊ ကျန်းမာသန်စွမ်းစွာ ပညာသင်ယူနိုင်စေရေးအတွက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို မြို့နယ်အားကစားကွင်း၌ ယနေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ/မများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ မီတာ(၄၀၀) အပြေးပြိုင်ပွဲ (ကျား/မ)၊ အာလူးကောက်ပြိုင်ပွဲ(မ)၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲ(ကျား) အစရှိသည့်ပြိုင်ပွဲများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိခဲ့သော ကျောင်းသား/သူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နော်မှိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)