MNP - ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေး ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်း ရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများ ရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ပြီး ပုံပြင်ပြိုင်ပွဲ၊ ကဗျာရွတ် ပန်းချီပြိုင်ပွဲနှင့် ဖားခုံပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment